Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 97 — Surah Al-Isra 17:97

စင်စစ်သော်ကား၊ အလ္လာဟ်အရှင်မြတ်သည် (အရှင့်လမ်းညွှန်တော်ဖြင့်) တရားလမ်းမှန်ညွှန်ပြတော်မူသောသူသာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ (အရှင့်စည်းမျဉ်းတော်နှင့်အညီ) လမ်းမှားရောက်လိုသူအား မိစ္ဆာဒိဌိအဖြစ် ခွင့်ပြုတော်မူခြင်းခံရသူသည် လမ်းမှားရောက်သူစစ်စစ်များ ဖြစ်သောကြောင့် သူတို့အတွက် ထိုအရှင်မြတ်မှအပ အခြားမည်သည့် ကာကွယ်စောင့်ရှောက်သူနှင့်ကူညီသူကိုမျှ အလျှင်း (ရှာ) တွေ့လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့၏မျက်နှာများကို မျက်မမြင်များ၊ ဆွံ့အသူများနှင့်နားပင် သူများအဖြစ် မြင်သာထင်ရှားစေလျက် သူတို့အား (လာရောက်) စုရုံးစေတော်မူမည်။ သူတို့၏ နောက်ဆုံပန်းတိုင်ဖြစ်သော ခိုလှုံရာဌာနမှာ ငရဲဘုံပင် ဖြစ်ပေမည်။ ငရဲမီး၏အရှိန် လျော့ကျသွားသည့်အခါတိုင်း ငါအရှင်မြတ်သည် ယင်းမီးတောက်မီးလျှံများအား အရှိန်ပြင်းစေလျက် လောင်နိုင်စွမ်းကို ပိုမို၍ တိုးမြှင့်စေတော်မူမည် ဖြစ်၏။