Back to Languages

Burmese - Chapter 17 - Al-Isra

Translation by Alin U Yin — Permalink

Verse 99 — Surah Al-Isra 17:99

ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်ပင်ဖြစ်ကြောင်း အရှင်မြတ်ဖွဲ့စည်းဖြစ်တည်စေတော်မူသည့်အရာ အားလုံးအပေါ်တွင် (အရှင့်စည်းမျဉ်းနိယာမတော်များဖြင့်) ထိန်းချုပ်နိုင်စွမ်းရှိတော်မူသကဲ့သို့ပင် (စကြဝဌာနှင့်နှိုင်းယှဉ်လျှင် မပြောပ လောက်အောင်ပင်လွယ်ကူလှသည့် လူသားအား) အသစ်တစ်ဖန် ဖွဲ့စည်းဖြစ်တည်စေတော်မူရန်လည်း အပန်းမကြီးလှကြောင်းကို သူတို့ မသိမမြင် မသုံးသပ်ကြလေသလော။ ထို့ပြင် ထိုအရှင်မြတ်သည် ယင်း (လောကီကမ္ဘာ) ၌ သူတို့အတွက် လောကီဘဝသက်တမ်းအား သတ်မှတ်ပြဋ္ဌာန်းထားတော်မူကြောင်းကိုလည်း ယုံမှား သံသယဖြစ်စရာ အလျှင်းမရှိပေ။ သို့ဖြစ်ပေရာ အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော် မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့သည် (အမှန်တရားကို သိပါလျက် မာန်မာနထောင်လွှားခြင်းဖြင့် တမင်တကာ) မယုံကြည် သွေဖည်ငြင်းပယ်နေခြင်းသာ ဖြစ်၏။