Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 1 — Surah Al-Kahf 18:1
ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုဟူသမျှသည် အရှင့်အစေခံ (ဖြစ်တော်မူသော တမန်တော်မုဟမ္မဒ်) အပေါ်ဝယ် ကျမ်းတော်မြတ် (ကုရ်အာန်) အား ထုတ်ပြန်ပို့ချပေးအပ်တော်မူပြီး ထိုကျမ်းတော်၌ မည်သည့် (မရိုးသားမှု၊ မပြတ်သားမှု၊ မဖြောင့်မတ်မှု၊ ရှေ့နောက်မညီညွတ်မှုနှင့်အမှန်တရားမှကွဲလွဲမှုစသော) အကွေ့အကောက်ကိုမျှ ဖြစ်ပေါ်စေရန် ခွင့်ပြုထားတော်မမူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်၏။