Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 10 — Surah Al-Kahf 18:10

(ထိုအဖြစ်အပျက်ကို ထောက်ပြရသော် လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်လာခဲ့သော) ထိုလူငယ် တို့သည် လိုဏ်ဂူထဲသို့ ဝင်ပုန်း၍ ခိုအောင်းခဲ့ကြစဉ် “အို၊ ကျွန်တော်မျိုးတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုးတို့အား အရှင့်ထံတော်မှ ကရုဏာတော် ချီးမြှင့်ပေးသနား တော်မူပါ။ ထို့ပြင် ကျွန်ုပ်တို့၏စီမံချက်အရေးကိစ္စများအနက်မှ ဖြောင့်မတ်မှန်ကန်၍ မျှတသောလမ်းနှင့်စိတ်ဓါတ်ကို လွယ်ကူချောမောအောင် ထောက်ပံ့စီမံတော်မူပါ။” ဟု ဆုပန်ကြလေ၏။