Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 105 — Surah Al-Kahf 18:105

ထိုသူတို့သည် သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏ အာယသ်သက်သေလက္ခဏာတော်များကိုလည်းကောင်း၊ (နောင်တမလွန်တရားစီရင်မည့်နေ့၌ အစစ်ဆေးခံရန်) ထိုအရှင်မြတ်နှင့်တွေ့ဆုံကြရမည်ကိုလည်းကောင်း၊ မယုံကြည်ဖီဆန်ငြင်းပယ်ခဲ့ကြသောကြောင့် သူတို့၏ပြုမူ ကျင့်ကြံမှုများသည် အချည်းနှီးဖြစ်ကြမည်ဖြစ်ရာ ငါအရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့တွင် သူတို့အတွက် (တမ လွန်ဘဝ၌ အကျိုးခံစားနိုင်မည့်ကောင်းမှုကုသိုလ်၏) မည်သည့်အလေးချိန်ကိုမျှ သဘောတူလက်ခံစရာ အဖြစ် သတ်မှတ်တော်မူမည် မဟုတ်ပေ။