Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 109 — Surah Al-Kahf 18:109

(အို၊ ရစူလ်တမန်တော် သူတို့အား) အကယ်၍ ပင်လယ်သမုဒ္ဒရာအားလုံးသည် စာရေးသားနိုင်သော မင်းရည်များဖြစ်လျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် ၏ (အမိန့်တော်များ နာမတော်များနှင့်ဂုဏ်တော်များနှင့်လမ်းညွှန်များကို ထင်ရှားပေါ်လွင်စေသည့် စကားတော်) မုက္ခပါဌ်တော်များ (အား ရေးသားခြင်း) မပြီးဆုံးမကုန်ဆုံးမီပင် ပင်လယ်သမုဒ္ဒရာများ ကုန်ခန်းသွားလိမ့်မည် ထို့ပြင် အကယ်၍ ငါအရှင်မြတ်က နောက်ထပ်ပြည့်စွက်ချက်အဖြစ် အလားတူ ပင်လယ်သမုဒ္ဒရာများကို ဖြစ်ပေါ် စေတော်မူခဲ့လျှင်ပင် (ပြီးစီးအောင် အလျှင်း ရေးသားနိုင်မည် မဟုတ်ပေ။” ဟု ဟောပြောလော့။)