Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 110 — Surah Al-Kahf 18:110

ဧကန်ပင်၊ သင်တို့၏ (ယုံကြည်ကိုးကွယ်ထိုက်သော) ကိုးကွယ်ရာအရှင်သည် တစ်ဆူတည်းသာလျှင် ဖြစ်ကြောင်းကို ကျွန်ုပ်ထံ ဝဟီအမိန့်တော်ထုတ်ပြန်ချမှတ်၍ ပေးအပ်စေတော်မူသော်လည်း ကျွန်ုပ်သည် သင်တို့ ကဲ့သို့ပင် (သေမျိုးသားဖြစ်သော) လူသားတစ်ဦးမျှသာလျှင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်မူသော အရှင်မြတ်နှင့်တွေ့ ဆုံရန် မျှော်ကိုးလျှင် ထိုသူသည် ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများကို ကျင့်မူဆောက် တည်ရမည်။ ထို့ပြင် ထိုသူသည် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ် နာခံကိုးကွယ်ရာ၌ မည်သည့် (သက်ရှိ သက်မဲ့) တစ်စုံတစ်ရာကိုမျှ အရှင်မြတ်နှင့်တွဲဖက်တုပြိုင် ကိုးကွယ်ခြင်း မပြုရပေ။