Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 14 — Surah Al-Kahf 18:14

ထို့ပြင် သူတို့သည် (အမှန်တရားအတွက် မိစ္ဆာဒိဌိကို တော်လှန်ရန် ဘုရင်၏ရှေ့ဝယ် (မားမားမတ်မတ်) ရပ်တည်ခဲ့ကြစဉ် ငါအရှင်မြတ်သည် သူတို့၏စိတ်နှလုံးများအပေါ် ယုံကြည်မှုခွန်အားကို ခိုင်မြဲ ကြံ့ခိုင်စေတော်မူသောကြောင့် သူတို့က ''ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်ကို ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ဖွံ့ဖြိုးစေတော်မူသောအရှင်ပင် ဖြစ်တော်မူ၏။ (သို့ဖြစ်ပေရာ) ကျွန်ုပ်တို့သည် ထိုအရှင်မြတ်မှအပ (အခြားမည်သည့် သက်ရှိသက်မဲ့ကိုမျှ ကိုးကွယ်ရာအဖြစ်) အလျှင်း သတိရ တသ၍ ဟစ်ခေါ်ကိုးကွယ်ကြသည် မ ဟုတ်ပေ။ (အရှင်မြတ်မှအပ) အခြား အရာများကို ကိုးကွယ်လျှင် ဧကန်ပင်၊ ကြီးလေးသောပြစ်မှုကို ကျူးလွန်ခြင်းသာဖြစ်ကြောင်း ကျွန်ုပ်တို့ ပြောကြား လိုပါ၏။” ဟု (ရဲဝံ့စွာ) ပြောဆိုခဲ့ကြ၏။