Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 15 — Surah Al-Kahf 18:15

(သူတို့အယူထားကိုးကွယ်နေသည့်အရာများမှာ ကိုးကွယ်ထိုက်သော အရာများဖြစ်ကြောင်းကို ထောက်ခံသော) မည်သည့် အခွင့်အာဏာ သက်သေအထောက်အထားနှင့်မြင်သာထင်ရှားသော ရှင်လင်းချက်မျှပင် သူတို့ထံ ရောက်လာခြင်း မရှိသော်ငြားလည်း ကျွန်ုပ်တို့၏လူမျိုးများဖြစ်ကြသော ဤပုဂ္ဂိုလ်များသည် ထိုအရှင်မြတ်မှ လွဲ၍ အခြားသက်ရှိသက်မဲ့များကို ကိုးကွယ်ရာများအဖြစ် အယူထား၍ ကိုးကွယ်နေကြ၏။ သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ် (၏ဂုဏ်တော်များနှင့်ဆန့်ကျင်၍ အရှင့်) အပေါ် မုသားများကို မဟုတ်မမှန် လီဆယ်စွပ်စွဲ နေကြသော (ဤ) ပုဂ္ဂိုလ်များထက် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့် ကြံသူ မည်သူရှိမည်နည်း။