Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 17 — Surah Al-Kahf 18:17
(ထို့နောက် သူတို့သည် လိုဏ်ဂူထဲသို့ ခိုအောင်း၍ နက်နက်ရှိုင်းရှိုင်း အိပ်ပျော်ခဲ့ကြလေ၏။) နေသည် သူတို့ ခိုအောင်းရာ ဂူ၏လက်ယာဘက်မှ စတင်ထွက်ပေါ်လာ၍ လက်ဝဲဘက်သို့ တဖြည်းဖြည်း တိမ်းညွှတ် ရွေ့လျားကာ သူတို့သည် ဂူထဲတွင် (နေပူဒဏ်ကို တိုက်ရိုက် မထိမှန်နိုင်သော) ချိုင့်ဝင်သည့် နေရာလွတ်၌ ရှိခဲ့ကြောင်းကို အသင် (တမန်တော်) တွေ့မြင်မိခဲ့လိမ့်မည်ဖြစ်၏။ ထိုသို့ဖြစ်လာခဲ့ခြင်းသည် အလ္လာဟ်အရှင်မြတ်၏အာယသ် သက်သေလက္ခဏာတော်များအနက်မှပင် ဖြစ်၏။ အလ္လာဟ်အရှင်မြတ်သည် (အရှင့်ဆန္ဒတော် ၏စည်းမျဉ်းတော်နှင့်အညီ) တရားလမ်းမှန်ကို ညွှန်ပြလိုတော်မူသောသူ (မည် သူမဆို) သည်သာလျှင် တရားလမ်းမှန်ကို ရရှိသူဖြစ်၏။ သို့ရာတွင် (မည်သူမဆို အရှင့်စည်းမျဉ်းတော်များကို ဖီဆန်ငြင်းပယ်၍ လမ်းမှားအ တိုင်းသွားလိုလျှင်) အသင်သည် အရှင်မြတ်က လမ်းမှားအတိုင်းသွားနိုင်ရန် ခွင့်ပြုတော်မူသော သူအတွက် မည်သည့်ကာကွယ်စောင့်ရှောက်သူနှင့် လမ်းမှန်ညွှန်ပြနိုင်မည့်သူကိုမျှ အလျှင်း (ရှာဖွေ) တွေ့ရှိလိမ့်မည် မဟုတ်ပေ။