Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 19 — Surah Al-Kahf 18:19

ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (လိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော) သူတို့အား (သူတို့၏အခြေအနေနှင့်ပတ်သက်၍) သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြန်အလှန် မေးမြန်းနိုင်ကြရန် အလို့ငှာ ပြန်လည် နိုးကြားစေတော်မူ၏။ သူတို့အနက်မှ ပြောဆိုမေးမြန်းသူတစ်ဦးဟုက “သင်တို့သည် မည်မျှ ကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြသနည်း။” ဟု မေးမြန်းခဲ့ရာ သူတို့ (အနက်မှ အ ချို့) က “ကျွန်ုပ်တို့သည် တစ်နေ့ သို့မဟုတ် နေ့၏တစ်စိတ်တစ်ဒေသမျှသာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြ၏။” ဖြေကြားခဲ့လေ၏။ သူတို့ (အနက်မှ အချို့) ကမူ “သင်တို့မည်မျှကြာမြင့်စွာ (အိပ်နေသည့်အနေအထား၌) နေခဲ့ကြောင်းကို သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်သောအရှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ (မည်မျှပင်ကြာမြင့်ခဲ့သည်ဖြစ်စေ လတ်တလောတွင် ဆာလောင်မှုကို ဖြေရှင်းရန် လိုနေ၏။) သို့ဖြစ်ပေရာ သင်တို့အနက်မှ တစ်ဦးဦးအား မည်သည့် အစားအစာသည် (တရားတော်အရ တရားဝင် ခွင့်ပြု ထားပြီး) အစင်ကြယ်ဆုံးဖြစ်သည်ကို ကြည့်ရှုစီစစ်ပြီးမှ စားဖွယ်အချို့ကို ယူဆောင်လာနိုင်ရန် သင်တို့၏ ဤငွေဒင်္ဂါးကိုပေး၍ မြို့ထဲသို့ စေလွှတ်ကြလော့။ သို့ရာတွင် သူသည် (မြို့ထဲသို့ဝင်ရောက်သည့်အခါ မြို့နေပြည် သူများအနက်မှ) မည်သူတစ်ဦးတစ်ယောက်ကမျှ သင်တို့နှင့်ပတ်သက်၍ သတိမမူ သတင်းမရ နိုင်အောင် အထူး ဂရုစိုက်၍ ပါးနပ် (စွာသွားနိုင်) ရမည်။