Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 21 — Surah Al-Kahf 18:21
ထိုနည်းအတိုင်းပင် ငါအရှင်မြတ်သည် (သေခြင်းတရား၏အနှစ်သာရကို) သူတို့ သိနားလည်နိုင်ရန်အလို့ငှာ (သူတို့အား နှစ်ပေါင်းများစွာ အိပ်နေသည့်အနေအထား၌ နေစေတော်ပြီးနောက် ပြန်လည်နိုး ကြားစေတော်မူခြင်းဖြင့်) အလ္လာဟ်အရှင်မြတ်၏ကတိတော်မှာ အမှန်တရားသစ္စာ ဖြစ်ကြောင်းကိုလည်းကောင်း၊ ရှင်ပြန်ထမည့်နေ့နှင့်စပ်လျဉ်း၍ ဒွိဟသံသယဖြစ်စရာ အလျှင်း မရှိကြောင်းကိုလည်းကောင်း၊ ထုတ်ဖော်ဖွင့်ချတော်မူခဲ့၏။ (ထို့နောက် အရှင်မြတ်က ထိုလိုဏ်ဂူ၏အပေါင်းအဖော်များ ဖြစ်ကြသော သူတော်စင်တို့အား သေစေတော်မူခဲ့ရာ) သူတို၏အရေးကိစ္စနှင့်စပ်လျဉ်း၍ (ဒေသခံပြည်သူများ) အချင်းချင်းကြားတွင် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့သောကြောင့် (အချို့က သူတို့၏ဂူသင်္ချိုင်းအား လူတို့၏နှောက်ယှက်ဖျက်ဆီးခြင်းမှ အကာအကွယ်ပေးနိုင်ရန်) သူတို့အပေါ်တွင် ခိုင်မာသော အဆောက်အဦးတစ်ခု ဆောက်လော့။” ဟု တောင်းဆိုပြောဆိုခဲ့ကြ၏။ (အချို့ကမူ) သူတို့နှင့်ပတ်သက်၍ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သာလျှင် အသိတော်မူဆုံး ဖြစ်တော်မူ၏။ (ဟု ပြောဆိုခဲ့ကြ၏)။ (ထိုသို့ ငြင်းခုံဆွေး နွေးပြီးနောက်) သူတို့၏အရေးကိစ္စ၌ အနိုင်ရ (ကြသော အာဏာပိုင်အဖွဲ့အစည်းမှ ယုံကြည်သူအရာရှိဖြစ်) သူတို့က “ကျွန်ုပ်တို့သည် (အဆိုပါ သူတော်စင်တို့အား သတိရစေမည့် သမိုင်းဝင် အထိမ်းအမှတ်အဆောက် အအုံအဖြစ်) သူတို့ (၏အနီးအနားရှိ တောင်ကုန်း) ပေါ်တွင် ဗလီဝတ်ကျောင်းတစ်ခုကို မုချပင် တည်ဆောက် ကြမည်။” ဟု ပြောဆိုခဲ့ကြလေ၏။