Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 22 — Surah Al-Kahf 18:22

(လူအများစုသည် အဆိုပါ လိုဏ်ဂူ၏အပေါင်းအဖော်များဖြစ်ကြသော သူတော်စင်တို့၏အဖြစ် အပျက်၌ စံနမူနာယူဖွယ် သင်ခန်းစာများရှိနေကြောင်း အလေးအနက် စဉ်းစားဆင်ခြင်၍ ရောင်ပြန်ဟပ်ရမည့်အစား အပြစ်အပျက်၏အသေးစိတ်အချက်အလက်အပေါ်၌သာ အဓိက အာရုံစိုက်နေကြ၏။) မကြာမီပင် (အချို့က ထိုသူ တော်စင်တို့၏အရေအတွက်မှာ) သုံးဦးသာဖြစ်ပြီး သူတို့၏ခွေးသည် စတုတ္ထမြောက်ဟု ပြောဆိုကြမည်။ (အချို့ကမူ သူတို့၏အရေအတွက်မှာ) ငါးဦးဖြစ်ပြီး သူတို့၏ခွေးသည် ဆဋ္ဌမမြောက် ဖြစ်သည်။” ဟု ပြောဆိုကြခြင်းဖြင့် (သူတို့၏) ကွယ်ရာ (၌ ဖြစ်ပျက်ခဲ့သည်) ကို မှန်းဆခန့်မှန်းလျက် ထင်ရာကို ပြောဆိုကြလိမ့်မည်ဖြစ်၏။ (အို၊ ရစူလ်တမန်တော်) “ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်သည် သာလျှင် သူတို့၏အရေအတွက်ကို အသိဆုံး ဖြစ်တော်မူပြီး လူနည်းစုမှအပ (လူအများစုမှာမူ ဖြစ်ရပ်မှန်ကို) မသိ ကြပေ။ “ဟု ဟောလော့။ သို့ဖြစ်ပေရာ သူတို့နှင့်ပတ်သက်၍ (ဝဟီအမိန့်တော်ထုတ်ပြန် ပို့ချချက်နှင့်အညီ) မြင်သာထင်ရှားသောအချက်များပေါ် အခြေခံ၍ (ယုံကြည်လက်ခံလျက်) သယံသယကင်းသော အပြုသဘောဆောင်ဆွေးနွေးမှုမှအပ ငြင်းခုံဆွေးနွေးခြင်း မပြုကြလေနှင့်။ ထို့ပြင် သူတို့အနက်မှ မည်သူ တစ်းဦးတစ်ယောက်နှင့်ပတ်သက်၍ ဖြစ်စေ စုံစမ်းလိုသည့်သဘောဖြင့် မေးမြန်း၍ ထင်ကြေး မပေးကြလေနှင့်။