Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 24 — Surah Al-Kahf 18:24

အလ္လာဟ်အရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းတော်နှင့်အညီ အလိုရှိတော်မူလျှင်သာ ''(ပြုလုပ်နိုင်မည်ဟု ပြောလော့)။ ထိုသို့ (အိန်ရှာအလ္လာဟ် ဟု) ပြောဆိုရန် မေ့လျော့သွားသည့်အခါ (မပြောမိကြောင်း သတိရသည်နှင့်ချက်ချင်းပင်) သင့်အား ဖွဲ့စည်းဖြစ်တည်၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ကို သတိရ တသ၍ ဖွင်ဟလော့။ ထို့ပြင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ် သည် ဤဖြောင့်မတ်မှန်ကန်သော အပြုအမူထက် တရားလမ်းမှန်နှင့်ပိုမို၍ နီးစပ်စေရန် လမ်းညွှန်တော်မူနိုင်၏။” ဟု ဟောလော့။