Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 26 — Surah Al-Kahf 18:26

အလ္လာဟ်အရှင်မြတ်က သူတို့လိုဏ်ဂူထဲ၌ နေခဲ့ကြသည့် အချိန်ကာလနှင့်စပ်လျဉ်း၍လည်းကောင်း၊ မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မျက်ကွယ်ရာများကို (ယင်းတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ သော) ထိုအရှင်မြတ် (၏ စည်းမျဉ်းနိယာမတော်များနှင့်အညီ အသုံးချရန်) အတွက်သာ ဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်သည် အဘယ်မျှ ပကတိပြည့်စုံစွာ မြင်တော်မူသောအရှင်၊ အဘယ်မျှ ပကတိပြည့်စုံစွာ ကြားနေတော်မူသောအရှင် ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အသိဆုံး ဖြစ်တော်မူ၏။ ထိုသူတို့အတွက် ထိုအရှင် မြတ်မှအပ အခြား မည်သည့်ကာကွယ်စောင့်ရှောက်သူမျှ မရှိသည့်အ ပြင် ထိုအရှင်မြတ်၏အမိန့်အာဏာ (စီရင်ပြဌာန်းမှု) တွင်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် (အာဏာခွဲဝေရရှိသူအဖြစ်) အလျှင်း ဖက်စပ်ပါဝင်စေ တော်မူသည် မဟုတ်ကြောင်း ဟောပြောလော့။