Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 27 — Surah Al-Kahf 18:27
ထို့ပြင် (အို၊ ရစူလ်တမန်တော်) အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်၏ကျမ်းတော်မှ အသင့်ထံသို့ ဝဟီအမိန့်တော် ထုတ်ပြန်ပို့ချပေးအပ်တော်မူခြင်းခံရသမျှကို ရွတ်ဖတ် (၍ သွန်သင်လိုက်နာ) လော့။ ထိုအရှင်မြတ်၏အမိန့်မုက္ခပါဌ်တော်များကို အာယတ်တော်များကို ပြောင်းလဲပိုင်ခွင့် ရှိသူဟူ၍ မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။ ထို့ပြင် အသင်သည် ထိုအရှင်မြတ် (၏ကျမ်းတော်) မှအပ ပကတိ မှန်ကန်မှုအတွက် မှီငြမ်းရာဟူ၍ အလျှင်း (ရှာ) တွေ့နိုင်မည် မဟုတ်ပေ။