Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 28 — Surah Al-Kahf 18:28
ထို့ပြင် ထိုအရှင်မြတ်၏မျက်နှာတော် (အရှင့်နှစ်မြို့တော်မူမှုနှင့်တမလွန်၌ အရှင်မြတ်အား တွေ့ဆုံလိုမှု ဖြင့် ဦးတည်ရှေ့ရှူ၍) ရည်ရွယ်လျက် နံနက်ခင်း၌လည်းကောင်း၊ ညနေချမ်း၌ လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ကို (အားကိုးတကြီးဟစ်ခေါ်) ဆုတောင်းပန်ကြား သူတို့နှင့်အတူ အသင် (တမန်တော်) ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကိုလည်း (အရှင့်စည်းမျဉ်းတော် နှင့်အညီ အသုံးချရာ၌ သင့်ကိုယ်သင်) သည်းခံကြံ့ခိုင်မှုမြဲမြံစေလော့။ လောကီဘဝသက်တမ်း၏အကျိုးခံစားခွင့်နှင့်ဆွဲဆောင်ဖွယ်ရာ လှပတင့်တယ်မှုများကို လိုလားတောင့်တခြင်းမှ ရှောင်ကြဉ်ရန် ယင်းတို့မှ မသိကျိုး ကျွန်ပြုလော့။ ထို့ပြင် လောကီဆွဲဆောင်မှုတွင် နစ်မြုပ်လျက် သူ့စိတ်နှလုံး၌ ငါအရှင်မြတ်အား သတိရ တသ၍ ဖွင့်ဟခြင်းကို ဥပေက္ခာပြုမေ့ထားပြီး သူ့စိတ်အလိုရမ္မက်နောက်သို့ တကောက်ကောက်လိုက်နေရုံသာမက သူ့အရေးကိစ္စများတွင်လည်း အလေးထား ဂရုစိုက်လျက် အလိုမလိုက်လေနှင့်။