Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 29 — Surah Al-Kahf 18:29

(ဤကျမ်းတော်မြတ်ကုရ်အာန်သည်) သင်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ထံတော်မှ (ချမှတ်ပေးအပ်တော်မူသော) အမှန်တရားသစ္စာပင် ဖြစ်၏။ သို့ဖြစ်ပေရာ မည်သူမဆို ယုံကြည်လိုလျှင် ယုံကြည်နိုင်ပြီး မည်သူမဆို မယုံကြည်ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်ပင်၊ ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့် ကြံသူတို့အတွက် သူတို့အား (ငရဲ) မီးကို အဆင့်သင့် ပြုစေတော်၍ ယင်းမီး၏ တလိပ်လိပ် ရွေ့လျားနေသော မီးတောက်မီလျှံဖြင့် သူတို့အား လွှမ်းခြုံဝန်းပတ်ထားတော်မူလိမ့်မည်။ ထို့ပြင် အ ကယ်၍ သူတို့သည် (ရေငတ် ပြေစေရန်) အကူအညီတောင်းခံကြလျှင် သူတို့၏မျက်နှာများကို (ခဲရည်၊ ကြေးနီရည် အစရှိသည့်) အရည်ကျိုထားသောသတ္တုရည်ကဲ့သို့သော အရည်ပူဖြင့် လောင်စေလျက် (ရေ ငတ်မှုကို) သက်သာရာ ရစေလိမ့်မည်ဖြစ်၏။ ထိုသောက်စရာသည် အလွန်ပင် ယုတ်ညံ့ဆိုးရွားပြီး အလွန်ပင် ဆိုးရွားလှသော နားနေရာနေရာထိုင်ခင်း ဖြစ်ပေတကား။