Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 31 — Surah Al-Kahf 18:31
ထိုသူတို့အတွက် အောက်ခြေတွင် စိမ့်စမ်းရေ တသွင်သွင်စီးဆင်းနေပြီး ထာဝစဉ်တည်တံ့မည့် သုခဥယျာဉ်များ အသင့်ရှိကြပြီး သူတို့သည် ထိုသုခဥယျာဉ်များ၌ ရွှေလက်ပတ်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းခံကြရလျက် ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှား၍ အနုစိတ်သော ပိုးချည်ချောမှ ဖြစ်သော အစိမ်းရောင်ဝတ်ရုံ များကို ဝတ်ဆင်ကြကာ ထိုသုခဥယျာဉ်ထဲရှိ အလှတန်ဆာဆင်ထားသော သလွန်များပေါ်၌ မှီလျက် ကျောခင်း ကြပေမည်။ အလွန်ပင် လှပတင့်တယ်၍ ကောင်းမြတ်သော ဂုဏ်ကျက်သရေနှင့်ပြည့်စုံ၍ ကောင်းမြတ်သော အကျိုးဆုလဒ်ဖြစ်ပြီး အလွန်ပင် နားနေရာနေရာထိုင်ခင်း ဖြစ်ပေတကား။