Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 39 — Surah Al-Kahf 18:39

ထို့ပြင် (အသင်က အသင်၏ဥယျာဉ်ခြံမြေနှင့်လောကီခံစားခွင့်ဆိုင်ရာ ပိုင်ဆိုင်မှုအားလုံးကို အရှင်မြတ် က ဖွဲ့စည်းဖြစ်တည်စေတော်မူကြောင်း သိမြင်လျက်) အကယ်၍ အသင်သည် သင်၏ဥယျာဉ်သို့ ဝင်ရောက်သည့်အခါ “အလ္လာဟ်အရှင်မြတ်သည် ဤအရာဟူသမျှကို အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသော ကြောင့် ဖြစ်ပေါ်လာပြီး အလ္လာဟ်အရှင်မြတ်၏စည်းမျဉ်းနိယာမတော်ဖြင့်ဖြစ်စေခြင်းမှအပ မည်သည့်အရာ၌မျှ (အရှင့်နိယာမတော်မပါဘဲ ယင်းကိုယ်တိုင် အလိုအလျှောက် ဖြစ်ပေါ်စေနိုင်သော) ကိုယ်ပိုင်စွမ်းရည်စွမ်းပကား အလျှင်း မရှိပေ။” ဟု ပြောခဲ့လျှင် ကောင်းလေစွ။ အ သင်သည် ကျွန်ုပ်၌ ဥစ္စာဓနပိုင်ဆိုင်မှုနှင့်သားသမီးထွန်းကားမှုတွင် အသင့်ထက် ပိုမို၍ နည်းပါး လျော့နည်းကြောင်း မြင်တွေ့နေရသော်လည်း (အရှင့်စည်းမျဉ်းနိယာမ တော်များ၊ အရှင့်ဆန္ဒတော်နှင့်အညီ ဖြစ် လာခြင်းကို ယုံကြည်သည့်အတွက် ညည်းညူစရာမလိုပေ။)