Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 42 — Surah Al-Kahf 18:42

ထိုအခါ (ရေရှားပါးမှု ဂယက်သည်) သူ၏သီးနှံဖြစ်ထွန်းမှုအား ခြုံငုံဝိုင်းပတ် ထိခိုက်စေ၏။ သို့ဖြစ်ပေရာ သူသည် ထိုဥယျာဉ်၌ သုံးစွဲသည့်ကုန်ကျသမျှအပေါ်တွင် (စိတ်သောကရောက်လျက်) လက်ချင်း ဖျစ်ညှစ်ရသည့် အခြေအနေသို့ ရောက်နေစဉ်ပင် ထိုဥယျာဉ်၏စင်များပေါ်၌လည်း ယိုယွင်း ထိုးကျမှုများသာ ရှိနေ၏။ ထိုအခါ သူက “(အို၊ ဒုက္ခလှလှကြုံရပြီတကား။) ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ် (၏ဂုဏ်တော်များ) နှင့်တွဲဖက်တုပြိုင်၍ အခြားမည်သည့် (သက်ရှိသက်မဲ့ တစ်စုံတစ်ယောက်) တစ်စုံတစ်ရာကိုမျှ (ကိုးကွယ်ရာအဖြစ်) မယုံကြည် မကိုးကွယ်ခဲ့မိလျှင် ကောင်းလေစွ။” ဟု ညည်းညူပြောဆိုလေ၏။