Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 46 — Surah Al-Kahf 18:46

(စည်းစိမ်ချမ်းသာဥစ္စာဓန ရွှေငွေရတနာ အိမ်ယာခြံမြေစသည့်) ပိုင်ဆိုင်မှုများနှင့်သားသမီးရတနာများသည် ဤလောကီဘဝသက်တမ်း၏ (ရပိုင်ခွင့်နှင့်ခံစားခွင့်ဆိုင်ရာ ဆွဲဆောင်ဖွယ်ကောင်းအောင်) တန်ဆာဆင်ထားသောတင့်တယ်မှုမျှပင် ဖြစ်ပြီး ဖြောင့်မတ်မှန်ကန်သော ပြုမူကျင်ကြံမှုများဖြင့် သီလဆောက်တည်ခြင်းသည် သင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်ထံတော်၌ အစဉ်အမြဲ အခိုင် အမာ တည်တံ့မည့် ကောင်းမှုကုသိုလ်များနှင့်အကျိုးဆုလဒ်ကောင်းရမည့် အရာများဖြစ်ရုံသာမက အကောင်းဆုံး လုပ်ရပ်များပင် ဖြစ်၏။