Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 49 — Surah Al-Kahf 18:49
ထို့ပြင် (လူတိုင်း၏လုပ်ရပ်အသေးစိတ်ကို မှတ်တမ်းထင်ထားသော) မှတ်တမ်းတော်ကိုလည်း ထားရှိစေတော်မူမည်ဖြစ်ရာ ယင်းမှတ်တမ်းတော်၌ ပါရှိသော အကြောင်းအရာများကြောင့် (လောကီဘဝ၌) ပြစ် မှုကျူး လွန်ကြသူများသည် ကြောက်လန့်စိုးရိမ်လျက် “အို၊ ကျွန်ုပ်တို့သည် ဒုက္ခလှလှကြုံရပြီတကား။ အသေးအဖွဲ့ ကိစ္စရပ်များကိုလည်းကောင်း၊ ကြီးမားသော ကိစ္စရပ်များကိုလည်းကောင်း၊ မည်သည့်အ ကြောင်းအရာကိုမျှ ချန် လှပ်ထားခြင်းမရှိဘဲ တစ်ခုချင်းစီကို အသေးစိတ် စာရင်းပြုထားသော ဤမှတ်တမ်းတော်က မည်သို့သော ကျမ်းဖြစ်သနည်း။ ဟု တအံ့တဩ ပြောဆိုမေးမြန်းမည် ဖြစ်ကြောင်း အသင် တမန်တော် တွေ့မြင်ရလိမ့်မည်။ ထို့ပြင် သူတို့သည် (လောကီဘဝ၌) ပြုမူကျင့်ကြံသမျှကို (သူတို့ရှေ့ဝယ်) အသင့်ရောက်ရှိနေသည်ကို တွေ့မြင် ကြရပေမည်။ သို့ရာတွင် အသင့်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ် သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ (အရှင့်စည်းမျဉ်းတော်နှင့်ဆန့်ကျင်၍) မတော်မတရား စီရင်တော်မူမည် မဟုတ်ပေ။