Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 5 — Surah Al-Kahf 18:5

သူတို့မှာ ထို (စွပ်စွဲချက်) နှင့်စပ်လျဉ်း၍ (ဉာဏ်တော်အနန္တမှဖြစ်သော) မည်သည့် သက်သေအထောက် အထားနှင့်အသိပညာ တစ်စုံတစ်ရာမျှ မရှိသည့်အပြင် သူတို့၏ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့မှာလည်း မရှိခဲ့ကြပေ။ (သူတို့က ထိုသို့ အခိုင်အမာပြောဆိုစွပ်စွဲနေခြင်းသည် သူတို့၏အလိုရမ္မက်ကြောင့်) သူတို့၏ပါးစပ်ပေါက်များမှ ထွက်သည့် အလွန်ဆိုးဝါးသော စွပ်စွဲချက်ပင် ဖြစ်ပြီး (မိစ္ဆာဒိဌိကိုသာ လက်ကိုင်ထားကြသော) သူတို့သည် မုသားအလိမ်အညာကိုသာ ပြောဆိုနေကြ၏။