Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 51 — Surah Al-Kahf 18:51
ငါအရှင်မြတ်သည် ယင်း (စေတန်မကောင်းဆိုးဝါး) တို့အား မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏ဖြစ်တည်မှုဆိုင်ရာ သက်သေအဖြစ် ဖြစ်စေတော်မူသည် မဟုတ်သည့်အပြင် သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို ဖြစ်တည်စေခြင်း၌လည်း သက်သေဖြစ်စေရန် ထည့်ပေးတော် မမူခဲ့ပေ။ ထို့ပြင် ငါအရှင်မြတ် သည် (လိုလားတောင့်တမှု လုံးဝ ကင်းရှင်းသော အရှင်မြတ် ဖြစ်တော်မူ၍ လူ သားတို့အား) လမ်းမှားရောက် စေရန် ဦးဆောင်ခေါင်းရွက်သူတို့အား လက်ရုံးအဖြစ် ပြုတော်မူမည့် အရှင်မြတ် မဟုတ်ပေ။