Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 52 — Surah Al-Kahf 18:52
(နောင်တမလွန်တရားစီရင်တော်မူမည့်) ထိုနေ့တွင် ထိုအရှင်မြတ်သည် (လောကီဘဝ၌ သင်တို့က) ငါအရှင်မြတ်၏တွဲဖော်တွဲဖက်အဖြစ် (အယူသည်းစွာဖြင့်) ယုံကြည်ကိုးကွယ်ခဲ့ကြသော အဆိုပါ ကိုးကွယ်ရာများကို (ယခုလည်း အကူအညီအတွက်) သတိရ တသ၍ ဟစ်ခေါ်ကြလော့။” ဟု မိန့်တော် မူမည်ဖြစ်ရာ သူတို့က သတိရ တသ၍ ဟစ်ခေါ်ကြမည်ဖြစ်သော်လည်း (ထိုကိုးကွယ်ရာများသည်) သူတိုအား ပြန်ထူး၍ တုံ့ပြန်ဖြေ ကြားလိမ့်မည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် ထိုကိုးကွယ်ရာများနှင့်ယင်းတို့ကို ကိုးကွယ်ခဲ့ ကြသူများ ကြားတွင် ရင်ကြားမစေ့နိုင်အောင် အလွန်ကွာဟနေသည့် အတားအဆီးတစ်ခု ဖြစ်တော်မူ၏။