Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 55 — Surah Al-Kahf 18:55

စင်စစ် လူသားတို့ထံ (အစစအရာရာတွင် ဖြောင့်မတ်မှန်ကန်မြဲမြံစေမည့် လမ်းစဉ်တော်အတိုင်း ဘဝဆောက်တည်နိုင်ရန်) အရှင့်လမ်းညွှန်တော်ရောက်ရှိလာသောအခါ (မှားယွင်းသည့်) ရှေးဟောင်း (အယူအဆပေါ် အခြေခံသော) လမ်းစဉ်အတိုင်း ဘဝဆောက်တည်ခဲ့သူများသာ ဖြစ်ပေါ်ရောက်ရှိလာစေရန် သို့မဟုတ် ယခင်က (တမန်တော်များအား ပြစ်ဒဏ်ယူဆောင်လာရန် တောင်းဆိုသ) ကဲ့သို့ ပြစ်ဒဏ်များ ရောက်ရှိလာစေရန် လိုလား စောင့်မျှော်နေသူများမှအပ အခြားမည်သည့်အရာက လူသားတို့ကို အရှင်မြတ်အား သက်ဝင်ယုံကြည်ခြင်းမှ လည်းကောင်း၊ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသော အရှင်မြတ်ထံတော်၌ (သူတို့ပြုမိခဲ့သော အမှားများအတွက် နောင်တကြီးစွာရလျက် ဝန်ချတောင်းပန်၍) လွတ်ငြိမ်းခွင့်ရရန် အသနားခံ ခြင်းမှလည်းကောင်း၊ ပိတ်ပင်တားဆီးနေသနည်း။