Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 57 — Surah Al-Kahf 18:57
သူ့ရှေ့ဝယ် သူ့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၏အာယသ်သက်သေလက္ခဏာတော်များအကြောင်းကို ထုတ်ဖော်ပြောဆို၍ သတိပေးနှိုးဆော်ခြင်းခံရသော ကြောင့် ဂရုမစိုက်ဘဲ ယင်းမှ မျက်နှာလွဲကျောခိုင်းပြီး သူ၏လက်နှစ်ဖြင့် ပြုမူကျင့်ကြံသမျှကို (နောင်တမ လွန်ဘဝ၌ အကျိုးဆက် အဖြစ် ပြစ်ဒဏ်ခံစားစေရန်) ကြိုတင်ပို့နေကြောင်းကို သတိမမူ လျစ်လျူရှု ထားသူထက် အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရားမမှန်မကန် ပြုမူကျင့်ကြံသူ မည်သူရှိမည်နည်း။ ဧကန်ပင်၊ ငါအရှင်မြတ်သည် (မကောင်းသောအကြံအစည်များ မှားယွင်းသောလုပ်ရပ်များနှင့် မောက်မာမှုတို့ဖြင့်) ယင်း (ကုရ်အာန်ကျမ်းတော်မြတ်) ကို နားလည်နိုင်စွမ်း လက်လွတ်စေသောကြောင့် သူတို့၏စိတ်နှလုံးများပေါ်၌ အဖုံးအကာများ ဖြစ်ပေါ်စေတော်မူပြီး သူတို့၏နားများ၌ လည်း (အမှန်တရားကို ကြားနာလိုစိတ် မရှိခြင်းကြောင့်) နားလေး၊ နားထိုင်းခြင်းကို ဖြစ်ပေါ်စေတော်မူ၏။ သို့ဖြစ်ပေရာ အကယ်၍ အသင် (တမန်တော်) သည် သူတို့အား တရားလမ်းမှန်ဘက်သို့ ဖိတ်ခေါ် သော်ငြားလည်း သူတို့သည် (ထိုသို့သော အခြေအနေတွင်) မည်သည့် အခါ၌မျှပင် လမ်းမှန်ကို အလျှင်း ရရှိကြမည် မဟုတ်ပေ။