Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 58 — Surah Al-Kahf 18:58
ဧကန်မလွဲ၊ အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် (လူသားတို့၏စွမ်းရည် မတိမ်ကောရလေအောင် စည်းမျဉ်းဥပဒေများကို ပြဌာန်းပေးအပ်တော်မူပြီး ယင်းတို့ကို့ မတော်တဆ ချိုးဖောက်မိသူတို့အား) အလွန်တရာ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတော်မူသောအရှင်၊ သနားညှာ တာမှုနှင့်ကရုဏာအလုံးစုံကို ပိုင်ဆိုင်တော်မူသောအရှင်ဖြစ်တော်မူ၏။ အကယ်၍ ထိုအရှင်မြတ်သည် သူတို့အား သူတို့၏ကျင့်ဆောင်မှုများဖြင့် ရှာဖွေဆည်းပူးခဲ့ကြသော ပြစ်မှုဒုစရိုက်များကြောင့် ဖမ်းဆီးအရေးယူတော်မူလျှင် အမှန်ပင် ထိုအရှင်မြတ်သည် သူတို့အား အစောတလျင်ပင် ပြစ်ဒဏ်ပေးတော်မူနိုင်၏။ သို့ရာတွင် သူတို့အတွက် ကတိပြုသတ်မှတ်တော်မူထားသော ချိန်းဆိုချက်လည်း ရှိနေပေရာ သူတို့သည် ထိုပြစ်ဒဏ် (ကို ခံစားရခြင်း) မှလွဲ၍ အခြားမည်သည့် လွတ်မြောက်ဖွယ်ရာ လမ်းစကိုမျှ အလျှင်း ရှာတွေ့လိမ့်မည် မဟုတ်ချေ။