Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 6 — Surah Al-Kahf 18:6

သို့ဖြစ်ရာ (အို၊ ရစူလ်တမန်တော်) ဤ (ကျမ်းတော်၌ပါရှိသော) အမိန့်တော်များကို မယုံကြည်ကြလျှင် (သူတို့ ငရဲဘုံရောက်မည်ကို) ပူဆွေးသောကရောက်လျက် (သူတို့အား ငရဲမီးမှ ကယ်နိုင်ရန် သွန်သင်လို၍ ကြီးမား မေတ္တာကရုဏာဖြင့်) သူတို့၏ခြေရာနောက်သို့ တကောက်ကောက်လိုက်နေသောကြောင့် သင်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို စိတ်သောကဖြင့် ညှဉ်းပန်းရာရောက်ပြီး သင့်ကိုသင် သေလုမတတ် ဖြစ်စေနိုင်၏။