Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 63 — Surah Al-Kahf 18:63
(ထိုအခါ နောက်လိုက်တပည့်ဖြစ်သော) သူက “အသင် မြင်ခဲ့ပါသလော။ (ယုံနိုင်မည်လော။) ကျွန်ုပ်တို့ သည် ကျောက်တုံးနားသို့ ခေတ္တနားနားရန်သွားခဲ့ကြစဉ် ဧကန်ပင်၊ ကျွန်ုပ်သည် ငါးကို မေ့သွားခဲ့၏။ စေတန်မကောင်းဆိုးဝါးမှအပ (အခြားမည်သူကမျှ) ကျွန်ုပ်အား ယင်းငါးနှင့်စပ်လျဉ်း၍ အသင့်ထံ ဖွင့်ဟ ပြောဆိုရန် မေ့လျော့စေခဲ့သည် မဟုတ်ပေ။ အမှန်မှာ ယင်းငါးသည် ယင်းအတွက် ပင်လယ်ထဲသို့ (လျှိုဝင်လစ်သွား နိုင်သော) အံ့ဩဖွယ်ကောင်းသည့် လမ်းကြောင်းရယူခဲ့၏။