Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 71 — Surah Al-Kahf 18:71
ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ခရီးစတင်ထွက်ကြပြီး သူတို့သည် ရွက် သင်္ဘောပေါ်သို့ စီးနင်းကြရသည်အထိ ရောက်သောအခါ (အရှင့်အစေခံဖြစ်သော) သူက ရွက်သင်္ဘောဝမ်းကို ဖောက်ခဲ့လေသည်။ (ထိုအခါ တမန်တော်) မူဆာက “အသင်သည် သင်္ဘောပေါ်၌ရှိသူတို့အား (ယင်းကိုအသုံးပြု စဉ်) နစ်မြုပ်စေရန်အလို့ငှာ အပေါက် ဖောက်ခဲ့လေသလော။ ဧကန်ပင်၊ အသင်သည် အလွန်စိတ် မသက်သာ ဖွယ်ရာ ကိစ္စရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။” ဟု ပြောခဲ့၏။