Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 74 — Surah Al-Kahf 18:74
ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ဆက်လက်၍ ခရီးထွက်ကြပြီး သူတို့သည် လူငယ်တစ်ဦးနှင့်တွေ့ဆုံသည်အထိ ရောက်သွားသောအခါ (အရှင့်အစေခံဖြစ်) သူက ယင်း (လူငယ်) ကို သတ်ဖြတ်လေ၏။ (ထိုအခါ တမန်တော်) မူဆာက အသင်သည် သန့်စင်သောအပြစ်မဲ့ နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ် ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင် ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ပိုင်ရှင်တစ်ဦးကို အခြား နဖ်စ်အတွက် (တရားဝင် လက်တုံ့ပြန်သော ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ပေးဆပ်မှု) မဟုတ်ဘဲ သတ်ဖြတ်ခဲ့လေသလော။ ဧကန်ပင်၊ အသင်သည် အလွန် ကြောက် မက်ဖွယ်ရာ ဆိုးဝါးသော ကိစ္စရပ်ကို ပြုလုပ်ခဲ့ချေပြီတကား။