Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 77 — Surah Al-Kahf 18:77
ထို့နောက် သူတို့နှစ်ဦး (အရှင့်အစေခံနှင့်တမန်တော်မူဆာ) သည် ဆက်လက်၍ ခရီးထွက်ကြပြီး မြို့ရွာနယ်မြေဒေသတစ်ခု၏ပြည်သူတို့နှင့်တွေ့ဆုံသည်အထိ ရောက်သွားသောအခါ သူတို့နှစ်ဦးသည် ယင်းဒေ သ၏ ပြည်သူထံ စားစရာတောင်းခဲ့သော်လည်း ပြည်သူတို့သည် သူတို့နှစ်ဦးအား ဧည့်ဝတ်ကျေပွန်ရန် ငြင်းဆို့ခဲ့ ကြသည်။ ထို့နောက် သူတို့နှစ်ဦးသည် ထိုဒေသ၌ ပြိုကျခြင်းမှ ကာကွယ်ရန် လိုအပ်နေသော တံ တိုင်းတစ်ခုကို တွေ့ရှိခဲ့ကြရာ (အရှင့်အစေခံဖြစ်) သူက ယင်းကို ဖြောင့်မတ်စွာ ထူထောင်ရပ်တည်စေခဲ့လေ၏။ (ထိုအခါ တမန် တော်) မူဆာက အကယ်၍ အသင့်မှာ အလိုဆန္ဒရှိခဲ့ပါမူ ယင်းအတွက် အကျိုးဆုလဒ်အဖြစ် အခကြေးငွေ တစ်မျိုးကို အမှန်ပင် ရယူနိုင်ခဲ့မည်။ “ဟု မှတ်ချက်ပေး ပြောဆိုခဲ့လေသည်။