Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 82 — Surah Al-Kahf 18:82
ထို့ပြင် (ပြန်လည်ထူထောင်ပေးခဲ့သော) တံတိုင်းသည်ကား ထိုမြို့တွင်းနေ မိဘမဲ့လူငယ်နှစ်ဦး၏ပိုင်ဆိုင် မှုဖြစ်ပြီး ထိုတံတိုင်း၏အောက်တွင် သူတို့နှစ်ဦးအတွက် (စုဆောင်းထားသော) ရတနာသိုက်တစ်ခု ရှိနေ ၏။ ထို့ ပြင် သူတို့၏မိဘနှစ်ပါးသည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံသူများ ဖြစ်ခဲ့သောကြောင့် အသင့်အား ဖွဲ့စည်း ဖြစ်တည်၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်သည် သူတို့အား လူလားမြောက်သော အရွယ်ရောက်၍ ရင့် ကျက်လာပြီးနောက် သူတို့၏ထိုရတနာသိုက်ကို အသင်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်မြတ်၏ ကရုဏာတော်အဖြစ် ရယူဖော်ထုတ်စေရန် ရည်ရွယ်တော်မူ၏။ အမှန်စင်စစ်၊ ကျွန်ုပ်သည် (အသင်က မျက် မြင်သက်သေဖြစ်သည့်) ထိုလုပ်ရပ်များကို (ကျွန်ုပ်၏ဆန္ဒအလျှောက်) ကျွန်ုပ်၏ကိုယ်ပိုင်စီမံချက် (လုပ်ပိုင် ခွင့်) အဖြစ် ပြုလုပ်ခဲ့သည် မဟုတ်ပေ။ ဤသည်ပင် အသင်က သည်းခံကြံ့ခိုင်မှုဖြင့် သည်းခံနိုင်စွမ်း မရှိခဲ့သည့် ထိုဖြစ်ရပ်များ၏အနက်အဓိပ္ပါယ်ဖွင့်ချက်များ ဖြစ်၏။