Back to Languages

Burmese - Chapter 18 - Al-Kahf

Translation by Alin U Yin — Permalink

Verse 86 — Surah Al-Kahf 18:86

ဇုလ်ကရ်နိုင်န်သည် နေဝင်ရာအရပ်အထိ ရောက်ရှိသွားသောအခါ ထိုနေရာ၏အနီး ပတ်ဝန်းကျင်၌ ယင်းနေကို မည်းနက်နောက်ကျိသော စမ်းရေထဲသို့ ဝင်နေသောအနေအထားဖြင့် တွေ့မြင်ခဲ့ရ၏။ ထို့ပြင် ယင်း၏အနီးပတ်ဝန်းကျင်၌ လူမျိုးတစ်မျိုးကိုလည်း တွေ့မြင်ခဲ့၏။ (ထိုစဉ်) ငါအရှင်မြတ်က (ဇုလ်ကရ်နိုင်န်အား) ''အို၊ ဇုလ်ကရ်နိုင်န်၊ အသင်သည် သူတို့အား ဒဏ်ခတ်အရေးယူခြင်းကိုသော်လည်းကောင်း (သူတို့ထဲ၌ အကောင်းဆုံး ပုဂ္ဂိုလ်များပေါ်ထွန်းလာအောင်) ထောက်ထားညှာတာ၍ အကြင်နာစိတ်ဖြင့် ဆက်ဆံခြင်းကိုသော်လည်းကောင်း၊ (နှစ်သက်ရာကို ရွေးချယ်၍) ပြုလုပ်ခွင့်ရှိ၏။'' ဟု မိန့် ကြားတော်မူခဲ့၏။