Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 95 — Surah Al-Kahf 18:95
ဇုလ်ကရ်နိုင်န်က (သူတို့အား) ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်သည် အုပ်ချုပ်ရေးအာဏာ ထူထောင်စေတော်မူပြီး ယင်းအချုပ်အခြာအတွင်း၌ (ဖိနှိပ်ချုပ်ချယ်မှုနှင့်ညှင်းပန်းမှုအောက်မှ လွတ်မြောက်စေခြင်းသည် ကျွန်ုပ်၏တာဝန်သာဖြစ်ရုံသာမက) ကျွန်ုပ်ကို ချီမြှင့်ပေးအပ်တော်မူသမျှသည် (လည်း သင်တို့က ကမ်းလှမ်းနေသော ဆက်ကြေးထက် အလွန်ပင်) ကောင်းမြတ်၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကျွန်ုပ်အား (လုပ်သား) အင်အားဖြင့် ကူညီကြလျှင် ကျွန်ုပ်သည် အသင်တို့ နှင့်သူတို့၏ကြားဝယ် အလွန် ခိုင်ခံ့မြင့်မားသော (မြို့ရိုး) တံတိုင်းကို ပြုလုပ်ပေးမည်။” ဟု ပြောခဲ့၏။