Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 18 - Al-Kahf
Translation by Alin U Yin — Permalink
Verse 98 — Surah Al-Kahf 18:98
ထိုအခါ ယင်းဇုလ်ကရ်နိုင်န်က “ဤသည်ကား ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၏ကရုဏာတော်ပင်တည်း။ သို့ရာတွင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင် မြတ်၏ကတိတော်အတိုင်း ဖြစ်စေတော်မည့် သတ်မှတ်ချိန် ရောက်လာသည့်အခါ ထိုအရှင်မြတ်သည် ယင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြိုဖျက်စေလျက် မြေမျက်နှာပြင်နှင့်တစ်ပြေးညီ ဖြစ်စေတော်မူလိမ့်မည်။ စင်စစ် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူသော အရှင်မြတ်၏ကတိတော်သည် တိကျမှန်ကန်ပြတ်သားသော သစ္စာတရားပင် ဖြစ်တော်မူ၏။” ဟု ဟောပြောခဲ့လေ၏။