Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 19 - Maryam
Translation by Alin U Yin — Permalink
Verse 10 — Surah Maryam 19:10
(ထိုအခါ တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်အတွက် (သားရတနာရနိုင်ကြောင်းကို မြင်သာစေမည့်) အာယသ် သက်သေလက္ခဏာတစ်ရပ် ဖြစ်ပေါ်စေတော်မူပါ။” ဟု လျှောက်ထားပန်ကြားလေ၏။ ထိုအရှင်မြတ်က (အို၊ ဇကရီယာ) သင့်အတွက် အာယသ်သက်သေလက္ခဏာမှာ သုံးည (သုံးရက်ဆက်တိုက်) အတိအကျ လူတို့နှင့်စကားပြောနိုင်မည်မဟုတ်ဟူ၍ပင် ဖြစ်၏။