Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 19 - Maryam
Translation by Alin U Yin — Permalink
Verse 11 — Surah Maryam 19:11
(အရှင့်ထံတော်မှ ထိုသတင်းကောင်းရရှိ) ပြီးနောက် (တမန်တော်) ဇကရီယာသည် (အထွတ်အမြတ် ဖြစ်သော) ဝတ်ပြုရာအခန်းမှ သူ့လူမျိုးတို့ရှေ့ဝယ် ထွက်လာခဲ့ရာ သူတို့အား မနက်ပိုင်းတွင် လည်းကောင်း၊ ည နေပိုင်းလည်းကောင်း၊ (အရှင်မြတ်သည် ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံး ကိုပိုင်ဆိုင်သော အရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင် ကြရန် (အရှင်မြတ်) မိန့်တော်မူသည်ကို (ဟန်အမူအရာဖြင့်) ပို့ချ သွန်သင်ခဲ့၏။