Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 19 - Maryam
Translation by Alin U Yin — Permalink
Verse 17 — Surah Maryam 19:17
ထို့နောက် သူမသည် (သူစိမ်းများ မမြင်ရလေအောင် သီးခြားနေလျက်) သူတို့မှ ကန့်လန့်ကာ တစ်ခုခြား သည့်အနေအထား ဖန်တီး၍နေလေ၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် သူမထံသို့ အရှင့်ကောင်းကင်စေတမန် ယုံကြည်စိတ်ချရသော ရူဟ်ဝိညာဉ်တော် (ဂျီဗ်ရီလ်) ကို စေလွှတ်တော်မူခဲ့လေရာ သူမအတွက် ပကတိလူသား တစ်ဦး၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။