Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 21 — Surah Maryam 19:21

(မလာအီကာစေတမန် ရူဟ်ဝိညာဉ်တော် ဂျီဗ်ရီလ်ဖြစ်သော) သူက ပြောခဲ့သည်မှာ “အသင်မအား ဖွဲ့စည်း ဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က “ယင်း (ပုံမှန်ဖွဲ့စည်းဖြစ်တည်ပုံနှင့် ဆန့်ကျင်၍ သားရတနာ ချီးမြှင့်တော်မူခြင်း) သည် ငါအရှင်မြတ်အတွက် အလွန်ပင် လွယ်ကူ၏။ ထို့ပြင် ငါအရှင်မြတ် သည် (သားရတနာဖြစ်လာမည့်) သူ့ကို လူသားတို့အတွက် (အရှင့်တန်ခိုးတော်ဆိုင်ရာ) အာယသ်သက်သေ လက္ခဏာတော်တစ်ရပ်နှင့်ငါအရှင်မြတ်ထံတော်မှ (တမန်တော်ရာထူးချီးမြှင့်တော်မူလျက်) ကရုဏာတော်အဖြစ် ဖြစ်စေတော်မူပြီး ထိုစီမံချက်အမိန့်တော်သည် (ထိုသို့ပင် အတိအကျဖြစ်စေတော်မူရန်) သတ်မှတ်ပြဌာန်းတော် မူခဲ့ပြီး ဖြစ်၏။