Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 26 — Surah Maryam 19:26

(အရှင်မြတ်ပေးအပ်တော်မူသည့် စွန်ပလွံသီးများနှင့်ရေကို) စားသောက်ပြီး အသင်မ၏မျက်စိများကို အေးမြ နှစ်သိမ့်စေလော့။ အကယ်၍ အသင်မသည် လူသား တစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ၊ “ဧကန်ပင် ကျွန်မသည် အားလုံးအပေါ် အစဉ်သနားညှာတာတော်မူသော အကြင်နာရှင်အတွက် ဥပုသ်သီလဆောက်တည် ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည် ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်း စကားပြောဆိုမည် မဟုတ်ကြောင်း၊” (ဟန်အမူအရာဖြင့်) ပြောကြားလော့။