Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 19 - Maryam
Translation by Alin U Yin — Permalink
Verse 4 — Surah Maryam 19:4
(တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေ တော်မူသောအရှင်မြတ်၊ ဧကန်ပင်၊ ကျွန်တော်မျိုး၏အရိုးများသည် (အိုမင်းမစွမ်းဖြစ်လျှက်) အားအင်ချည့် နဲ့ နေပြီး ဦးခေါင်းသည်လည်း ဆံပင်ဖြူများဖြင့် (ဖြူဖွေး) တောက်ပလျက် ရှိနေပါပြီ။ အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ စင်စစ် ကျွန်ုပ်သည် အ ရှင်မြတ်ထံ ဆု တောင်းပန်ကြားမှုနှင့်စပ်လျဉ်း၍ ဆုတောင်းမပြည့်သူအဖြစ် မည်သည့်အခါကမျှ မဖြစ်ခဲ့ပါ။