Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 46 — Surah Maryam 19:46

(ထိုအခါ တမန်တော်အီဗ်ရာဟီးမ်၏ဖခမည်းတော်ဖြစ်) သူက “အို၊ အီဗ်ရာဟီးမ်၊ အသင်သည် ကျွန်ုပ်၏ ကိုးကွယ်ရာတို့ဘက်မှ မျက်နှာလွှဲကျောခိုင်းသူ ဖြစ်နေသလော။ အကယ်၍ အသင်သည် (အရှင်တစ်ဆူဝါဒကို ယုံကြည်ကိုးကွယ်၍ အခြားလူတို့အားလည်း တစ်ဆူတည်းသောအရှင်မြတ်ကိုသာ ကိုးကွယ်ကြရန် နှိုးဆော်တိုက်တွန်းနေခြင်းအား) မစွန့်လွတ်ခဲ့လျှင် ဧကန်ပင်၊ ကျွန်ုပ်သည် အသင့်အား ခဲဖြင့် ပစ်ပေါက် သတ်စေရလိမ့်မည် (ဖြစ်သောကြောင့် ယခုမှစ၍ ကျွန်ုပ်ထံလာရောက်ဟောပြောခြင်းကို ရှောင်ကြဉ်၍) ကျွန်ုပ်အား ကာလရှည်ကြာစွာ စွန့်ထားလော့။