Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 47 — Surah Maryam 19:47

ထိုအခါ (တမန်တော်) အီဗ်ရာဟီမ်းက (ဖခမည်းတော်အား) “ငြိမ်းချမ်းသာယာမှုသည် အသင့်အပေါ်၌ ရှိပါစေ၊” (ကျွန်တော် လမ်းခွဲပါရစေ)၊ ကျွန်ုပ်သည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုး ထောင်စေတော်မူသောအရှင်မြတ်ထံတော်တွင် အသင့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ဆုတောင်းပန် ကြားပါလိမ့်မည်။ ဧကန်ပင်၊ ထိုအရှင်မြတ်သည် ကျွန်ုပ်အပေါ်၌ အလွန်အကြင်နာတရား ထားတော်မူ၍ ကျေးဇူးပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပါ၏။