Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 58 — Surah Maryam 19:58

ထိုသူတို့သည် (တမန်တော်) အာဒမ်၏သားစဉ်မျိုးဆက်အနက်မှလည်းကောင်း၊ (တမန်တော်) နူဟ်နှင့်အ တူရှိခဲ့ပြီး ငါအရှင်မြတ်က (ရွက်သင်္ဘောပေါ်) တင်ဆောင်စေတော်မူလျက် ကယ်တော်မူခဲ့သော သူတို့အနက်မှလည်းကောင်း၊ (တမန်တော်) အီဗ်ရာဟီးမ်နှင့်အိစ္စမာအီးလ်၏သားစဉ်မြေးဆက်အနက်မှ လည်းကောင်း၊ ငါအရှင်မြတ်က လမ်းညွှန်တော်မူပြီး ရွေးချယ်ခန့်အပ်တော်မူသောသူတို့အနက်မှ လည်း ကောင်း၊ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ်၌ (တမန်တော်ရာထူးပေးအပ်ခြင်းနှင့်လမ်းညွှန်တော် ချမှတ်ပေးခြင်းစသည်ဖြင့်) ဂုဏ်ပြု၍ ကျေးဇူးပြုတော်မူခဲ့ရာ သူတို့ရှေ့ဝယ် အနန္တကရုဏာတော်ရှင်၏ အာယသ်သက်သေလက္ခဏာတော်များကို ဖတ်ကြားခြင်းခံရသောအခါ သူတို့သည် (ငိုကြွေး၍ ရိုကျိုးစွာ မှောက်ခုံလျက်) ဦးချပျပ်ဝပ်ကြလေ၏။