Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 19 - Maryam
Translation by Alin U Yin — Permalink
Verse 75 — Surah Maryam 19:75
(အို၊ ရစူလ်တမန်တော် သူတို့အား) “မည်သူမဆို လမ်းမှား၌ ရပ်တည်၍ ယင်းမှားယွင်းသော အတွေး အခေါ်များကိုသာ သူ့အတွက် ချဲ့ထွင်ဖွံ့ဖြိုးစေလျှင် အနန္တကရုဏာတော်ရှင်က သူ့ဥစ္စာဓန ကြွယ်ဝမှုနှင့်ဘဝ သက်တမ်းကို မည်မျှပင် အဓွန့်ရှည် တည်မြဲစေတော်မူပါစေ။ သူတို့သည် သူတို့အတွက် ဖြည့်ဆည်းစေမည်ဟု ကတိပေးထားခြင်းခံကြရသော (လောကီ) ပြစ်ဒဏ် သို့မဟုတ် (ကမ္ဘာပျက်မည့်) နောက်ဆုံးနေ့နာရီကို တွေ့မြင်ကြသောအခါ၊ မည်သူသည် (ဥစ္စာဓနကြွယ်ဝချမ်းသာမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအရ) ပို၍ဆိုးဝါးသော အခြေအနေ၌ ရှိပြီး (လူနေမှုဘဝ သဘောထားမူဝါဒအရ) စည်းရုံးရေး အင်အား ပိုမို၍ ချိနဲ့အားနည်းသူဖြစ်သည်ကို မကြာမီ သူတို့ သိကြလိမ့်မည်။” ဟု ဟောပြောလော့။