Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 8 — Surah Maryam 19:8

(ထိုအခါ တမန်တော်) ဇကရီယာက အို၊ ကျွန်တော်မျိုးအား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်၏အမျိုးသမီးသည် အမြုံတစ်ဦး ဖြစ်နေရုံသာမက (အသက်အရွယ် အားဖြင့်လည်း) ကြီးရင့်မှု၏အထွတ်အထိပ်သို့ အမှန်ပင် ရောက်ရှိနေပါလျှက် ကျွန်ုပ်အတွက် သားရတနာတစ်ပါးသည် မည်သို့ ဖြစ်လာမည်နည်း။