Back to Languages

Burmese - Chapter 19 - Maryam

Translation by Alin U Yin — Permalink

Verse 84 — Surah Maryam 19:84

သို့ဖြစ်ပေရာ အသင်သည် (မယုံကြည်သူနှင့်သွေဖည်ငြင်းပယ်သူများဖြစ်ကြသော) သူတို့အပေါ် (မတရား ဖိနှိပ်ညှင်းပန်းမှုများ၏အကျိုးဆက်အဖြစ် ပျက်ကိန်းရောက်လာရန်) အလျင်စလို လိုလားလျက် စိတ်မစောလေနှင့်။ ဧကန်ပင်၊ ငါအရှင်မြတ်သည်သာလျှင် သူတို့အတွက် (သူတို့၏ပြုမူဆောင်ရွက်မှုများကြောင့် ပျက်ကိန်း ဆိုက်ရောက်ရမည့်နေ့ရက်အား) တွက်ချက်သတ်မှတ် ထားသော နေ့ရက်အဖြစ် ရေ တွက်စေ၍ ပြဌာန်းထားတော်မူ၏။